Sunday, July 1, 2012

အသာလှုပ်ခြင်း နိမိတ် အဟော

လူတို့  ကိုယ်ကာယ အင်္ဂါကြီးငယ် အစိတ် အပိုင် တို့ တွင် လှုပ်ခြင်းသည် သွေး၊လေ၊ ဥပဒ်ကြောင့် လည်း လှုပ်၏ ၊ဖြစ်လို ပျက်လိုသော နိမိတ်ကြောင့်လည်း လှုပ်၏၊ ထိုလှုပ်ခြင်းနှစ်ပါး တို့ တွင် သွေး၊လေ၊ ဥပဒ်ကြောင့် လှုပ်ခြင်းကို ပယ်၍ဖစ်လို့ ပျက်လို့ သော နိမိတ်ကြောင့် လှုပ်ခြင်းကို စိတ်နှလုံး မှတ်ပိုက်ပြီး လျှင် ယှဉ်သင့် ၊ကြင်သင့်သည့်အတိုင်း ယှဉ်ကြင် ခြင်းကို ပြုပြီးပါက မုချလောက တွင့် ဖြစ်သော အကျိုးကျေး
ဇူး ကို ခံစံရလိမ့်မည် ဟု ပညာ ရှိတို့  ဆိုခဲ့ကြပါ ၏ ။

  1. ထိပ်လှုပ်မှု မင်းပှုဇော်အံ့၊ ချစ်သောအဆွေခင်ပွန်း နှင့် လည်း တွေ့ ကြုံရအံ့ ။
  2. လက်ဝဲဦးကင်း လှုပ်မှု သတင်းကောင်း ကြားရအံ့၊ အကြံအစည် အထမြောက်အောင်မြင်အံ့။
  3. လက်ယာ ဦးကင်းလှုပ်မှု လာဘ်ရအံ့ ။
  4.  လက်ယာအထက် မျက်ခုံးလှုပ်မှု လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ ကြုံရအံ့လည်ဟူ၏။
  5. လက်ယာအောက် မျက်ခုံးလှုပ်မှု သူတစ်ပါးတို့ နှင့် ခိုက်ရန် အမျက်ဒေါသရှိအံ့၊ ချစ်သူ့ နှင့် တွေ့ ကြုံရအံ့ ၊ မယားရအံ့ လည်းဟူ၏ ။
  6. လက်ဝဲအထက်မျက်လုံးလှုပ်မှု အကြံအစည်အောင်အံ့၊ခင်ပွန်းကောင်း တွေ့ ရအံ့လည်း ဟူ၏။
  7. လက်ဝဲအောက်မျက်ရည်ခံလှုပ်မှု ငိုယိုရအံ့၊ ဆင်းရဲအံ့ လည်းဟူ၏။
  8. လက်ယာနားလှုပ်မှု ချမ်းသာ သုခ ရအံ့ ။
  9. လက်ဝဲနားလှုပ်မှု သူတပါးနှင့် ခိုက်ရန်ဒေါသ ဖြစ်ရအံ့ ၊ ဥစ္စာ ရအံ့ လည်းဟူ၏။
  10. လက်ယာဘက် နှာခေါင်းလှုပ်မှု ချစ်သူခင်သူများအံ့၊ ခင်ပွန်းကောင်းရအံ့လည်း ဟူ၏။
  11. လက်ဝဲဘက်နှာခေငါး လှုပ်မှု ချမ်းသာ သုခ ရအံ့။
  12. ဦးခေါင်းလှုပ်မှု ငယ်ပျိုသူလည်း မိန်းမရတနာ ကိုရ၏ ၊ ကြီးသူ့ မှာလည်း လာဘ်ရ၏ ။
  13. လက်ယာအောက်နှုတ်ခမ်း လှုပ်မှု မကောင်းစကားဆိုရ၏ ၊ ခိုက်ရန်ဖြစ်၏လည်း ဟူ၏ ။
  14. လက်ယာအောက်နှုတ်ခမ်း လှုပ်မှု အဝေးဆောင်းပါးစကား ကြားရ၏ ။
  15. လက်ဝဲအောက်နှုတ်ခမ်း လှုပ်မှု ချစ်သောသူ့ နှင့် စကား ဆိုရ၏ ။
  16. လက်ဝဲအထက်နှုတ်ခမ်းလှုပ်မှု သူတပါးတို့ နှင့် ခိုက်ရန် အမျက်ဒေါသပွား ရ၏။
  17. မေးလှုပ်မှု စကားကြောင့် အမှုဖြစ်၏၊ ဆင်ခြင်လေ။
  18. လည်လှုပ်မှု အ၀တ်တန်ဆာ ဆင်ယင်ရ၏၊ ရွှေ-ငွေ ရ၏၊ ထင်ရှား၏ သူပှုဇော်ခြင်းကို ခံရ ၏။
  19. လက်ယာပခုံးလှုပ်မှု မယားကောင်း ရ၏၊ ဆင်၊ မြင်း ရ၏၊ မိန်းမနှင့် ခိုက်ရန်ဖြစ်အံ့လည်း ဟူ၏။
  20. လက်ဝဲပခုံးလှုပ်မှု ဥစ္စာလာဘ်ရ၏၊ သူနှင့် ရန်ဖြစ်အံ့လည်း ဟူ၏။
  21. လက်ယာဘက် ဆီးခုံးလှုပ်မှု ထင်ရှား ကျော်စော ၏။
  22. လက်ဝဲလက်ရုံးလှုပ်မှု သူလိမ်နှင့် တွေ့ ၍ ပျက်၏ ၊ဥပဒ်ဖြစ်၏လည်းဟူ၏ ။
  23. ကျောလှုပ်မှု အ၀တ်အစား ရ၏။
  24. လက်ယာ လက်မောင်းလှုပ်မှု ခင်ပွန်းရ၏ ၊အမြိန်အရသာ စားရ၏၊ ချစ်သောသူ ဥစ္စာပေးလား၏။
  25. လက်ဝဲလက်ရုံး လှုပ်မှု သူတပါးဥစ္စာ ပေးလာ၏ ၊ချစ်သူ၏ ဥစ္စာ ကိုရ၏ ။
  26. လက်ယာဘက် ဖ၀ါးလှုပ်မှု အမြိန်၊ အရသာရအံ့ ။
  27. လက်ဝဲလက် ဖ၀ါးလှုပ်မှု မကောင်း၊ ဦးခေါင်းဆေးပါ ။
  28. လက်ယာရင်ဘတ် လှုပ်မှု ဆိုဖွယ်ရာမရှိ ကောင်းအံ့ ၊ စိတ်နှလုံးချမ်းသာအံ့ လည်းဟူ၏။
  29. လက်ဝဲရင်ဘတ်လှုပ်မှု စိတ်နှလုံး တွေဝေအံ့။
  30. ချက်လှုပ်မှု ဥစ္စာရအံ့၊ ကောင်းသော ခင်ပွန်းရအံ့။
  31. လက်ယာဝမ်းပြင်လှုပ်မှု အမြိန် အရသာ ကောင်းရအံ့
  32. လက်ဝဲ ၀မ်းပြင်လှုပ်မှု လာဘ်ရအံ့ ။
  33. နှလုံးသား လှုပ်မှု ခင်ပွန်းကောင်းသော်၎င်း ၊ ဥစ္စာ သော် ၎င်း ရအံ့ ။
  34.  လက်ယာပါးပြင်လှုပ်မှု အမြိန် အရသာကောင်းစားရအံ့ ။
  35. လက်ဝဲပါးပြင်လှုပ်မှု သူ နှင့် ပြောဟောရအံ့ ။
  36. လက်ယာနဖူးလှုပ်မှု အခြံအရံများ အံ့ ။
  37. လက်ဝဲနဖူး လှုပ်မှု သူနှင့် အမျက်ဒေါသ ဖြစ်ပွားအံ့ ။
  38.  က္ကနြေ္ဒ လှုပ်မှု မယားကောင်း ရအံ့၊ သူတပါးတို့ နှင့် စကားဆိုရအံ့ လည်းဟူ၏ ။
  39. အင်္ဂါဇတ်လှုပ်မှု ဥစ္စာ ပျောက်ရှအံ့ ။
  40. လက်ယာဘက် လည်ကုပ်လှုပ်မှု ရွှေ-ဥစ္စာ တိုးအံ့ ။
  41. လက်ဝဲ လည်ကုပ်လှုပ်မှု ဥစ္စာ ပျောက်ရှအံ့ ။
  42. လက်ယာနှာခေါင်း လှုပ်မှု ဥစ္စာ ပေးလာအံ့ ။
  43. လက်ဝဲဘက်နှာခေါင်း လှုပ်မှု အစိုးရသူ တို့ ပှုဇော်ခြင်း ကိုခံရအံ့ ။
  44. လက်ယာတင်သားလှုပ်မှု ဆင်မြင်းစီးရအံ့ ၊ သူတပါးတို့ ရန်ပြုလာအံ့ လည်းဟူ၏ ။
  45. လက်ဝဲတင်သား လှုပ်မှု ချမ်းသာစွာနေရအံ့ ၊ မိန်းမ ကြောင့် ဥပဒ်ရအံ့ လည်းဟူ၏ ။
  46. ခါးလှုပ်မှု ဥစ္စာ ပျောက်အံ့။
  47. လက်ယာပေါင်လှုပ်မှု အကျိုးကျေးဇူး ပေးအံ့ ။
  48. လက်ဝဲ ပေါင်လှုပ်မှု ချစ်သောသူ့ နှင့် စကားဆို ရအံ့ ။
  49. လက်ယာ ပုဆစ် လှုပ်မှု ကောင်းသော လာဘ်ရအံ့ ။
  50. လက်ဝဲ ပုဆစ် လှုပ်မှု ခိုက်ရန် ဖြစ်အံ့ ၊ ရှောင်လေ ။
  51. လက်ယာခြေသလုံး လှုပ်မှု ကောင်း၏ ၊ မြတ်သော လာဘ် ရအံ့။
  52. လက်ဝဲခြေသလုံး လှုပ်မှု မိန်းမ နှင့် မျက်လိုကျအံ့၊ မိန်းမ ဥပဒ်မှုလာအံ့ ။
  53. လက်ယာ မြင်းခေါင်း လှုပ်မှု ကောင်း၏ ။
  54. လက်ဝဲ မြင်းခေါင်း လှုပ်မှု ကျွန်ရအံ့ ၊သူဖျက် လာအံ့။
  55. လက်ယာခြေဖ၀ါး လှုပ်မှု ကောင်း၏၊ အဆွေ ခင်ပွန်းဆီသို့  သွားရအံ့ ။
  56. လက်ဝဲခြေဖ၀ါး လှုပ်မှု ကြီးသော သူတို့ အတွက်စိုးရိမ် ကြောင့်ကြရအံ့၊ခရီးမရှိသောအရပ်သိုသွားရအံ့။
  57. လက်ယာခြေလှုပ်မှု မယားနှင့် ထဘီဝတ် ရန်ပြုလာအံ့ ။
  58. လက်ဝဲခြေလှုပ်မှု မယား နှင့် မျက်လို ကျအံ့။
  59. လက်ယာ သားမြတ်လှုပ်မှု အိမ်တွင် ရှိသော ဥစ္စာ ပျောက်အံ့ ။
  60. လက်ဝဲသားမြတ်လှုပ်မှု ကောင်းသော ဥစ္စာ ရအံ့ ။
  61. လက်ယာလက်လှုပ်မှု မင်းပှုဇော်ခံအံ့။
  62. လက်ဝဲလက်လှုပ်မှု ဥစ္စာလာဘ် ရအံ့ ။
                                                        လှုပ် ခြင်း အဟော ပြီး ၏ ။
ဒီအကြောင်းအရာ တွေ က ကျွန်တော် သိလို့ မဟုတ်ပါဖူး ကျွန်တော် ဖတ်ဖူးတဲ့  လောကီမင်္ဂလာ ကျမ်း ထဲမှ
ကူးယူ ဖော်ပြ ပေးခြင်း ဖြစ်ပါတယ်..။ အကယ်၍ ၀ယ်ပြီး ဖတ်ခြင်တယ် ဆိုရင်လဲ  ဘုရား ဇောင်းတန်း တွေ ၊
ဆူးလေး ဘုရား အောက်ဘလောက် ဘက်မှာ ရတတ်ပါတယ်  တစ်အုပ်ကို ၂၀၀ ၊၅၀၀ ပေးရပါတယ် ဒါပေမဲ့
တစ်ချို့ ကျတော့ ရှက်တတ်ပါတယ် ဒါကြောင့်  တစ်ခြား သိချင်သော သူ့ များလဲ  အလွယ် ဖတ်လို့ ရအောင်
ဆိုပြီး လက်အညှောင် ခံပြီး တင်းပေး လိုက်တာပါ..... ။ အားလုံး ကိုယ်စိတ်နှစ်ဖြား ကျန်းမာ ချမ်းသာ ကျပါစေ..  လို ဆုတောင် ပေးပါတယ် ခင်ဗျ....။

No comments:

Post a Comment