ဆံပင်ဖြောင့်ခြင်းကြောင့် ကောင်းကျိုးတွေ ရသလို့  ဆိုးကျိုးများ လဲ ရကြပါတယ်။ လူတစ်ယောက် အတွက် အရန်အရေးကြီးဆုံးဖြစ်တဲ့ ဦးခေါင်း အစိတ်အပိုင်း မှာ ပြုလုပ်ရတဲ့ နည်းပညာ ဖြစ်လို့  သေသေချာချာနဲ့ ကျွမ်းကျင်စွာ
ပြုလုပ်ပေးတတ်ဖို့  အရေးကြီးပါ တယ်။
ဆံပင်ဖြောင့်စင်းအိနေတာကို ကြိုက်နှစ်သက်လို့ ဆံပင်ဖြောင့်ကြတဲ့  အမျိုးသမီးငယ်များ ယခု ခေတ်မှာ ပိုမိုများပြားလာတာကို တွေ့ ရပါတယ်။
တစ်ချို့  အလှပြင်ဆိုင် မရှိတဲ့  နေရာ ဒေသတွေမှာ သူ တို့ သိသမျှ မြင်သမျှ ဗဟုသုတလေးတွေနဲ့ ဆံပင်ဖြောင့်ဆေးများ ၀ယ်ယူပြီး ဈေးနှုံးချိုသာစွာနဲ့  ဆံပင်ဖြောင့်ပေးနေကြတာလည် ခေတ်တစ်ခေတ်လို့ ဆိုရမှာပါ။ ဈေးနှုံးချိုသာသောကြောင့် အစဉ်ပြေတယ်လို့ ဆိုရမှာပါ ဘဲ။ အစဉ်မပြေတာတွေ ကတော ဆံပင်တွေ ပျက်စီးဆုံးရှုံးသွား လို့ ကြောက်ကြ လန့် ကြ စိတ်ညစ်ကြ
စိတ်ဓါတ်ကျကြ ညီးညူ ကြသူတွေ များပျားလာကြပါတယ်။
ဆံပင်ဖြောင့်ခြင်းနည်းပည မတတ်ကျွမ်းလို့ ခံစားရတဲ့  ဆိုးကျိုးတွေဟာ များပြားလှပါတယ်။ စိတ်ဓါတ်ကျကြ ညီးညူ ကြသူတွေ များပျားလာကြပါတယ်။
- ဆံပင်များ အရင်းမှ ပြတ်ထွက်ခြင်း
- ဆံပင်များ ဦးရေပျားမှ ကျွတ်ထွက်ခြင်း
- ဆံပင် အဖြားပိုင်းများ ကြေမွသွားခြင်း
- ဆံပင် မီးကျွမ်းခြင်း အခွထွက်ခြင်း
- ဆံပင် ရှုပ်ထွေးခြင်း
- ဆံပင် ဖြောင့်သါားပေမဲ့ မာကျော်တောင်တင်းနေခြင်း
- ဦးခေါင်းယားယံပြီး ဗောက်ထူလာခြင်း
- ဆံသား နဂို အရောင် မှေးမှိန် ပျောက်ကွယ်သွားခြင်း
- ဆံသား အဆီခန့်  ခြောက်သွေ့ သွားခြင်း
ပါတယ် (တကယ်လဲ လွယ်ပါတယ်)။ ဆေးဝါး၊စက် တွဲဖက်လုပ်ရမည့်နည်းပညာ ကျွမ်းကျင်စွာ တတ်မြောက်ထားဖို့ လိုပါတယ်။
တကယ်တော့ နည်းပညာသင်ကြားပြီးမှ လုပ်သင့်ပါတယ်။ နီးစပ်ရာ ပညာရှင်နဲ့ ဆွေးနွေးသင်ကြားပြီးမှ အလုပ်လုပ်တာကောင်း
ပါတယ်။ ငါသိတယ် ငါ့တတ်တယ် ငါ့နားလည်ပါတယ်လို့  မယူဆသင့် ပါဘူ။
ဆံပင်ဖြောင့်ရာမှာ သုံးစွဲရသော ဆေးဝါးပစ္စည်းများ.........
ဆံပင်ဖြောင့်ဆေး =အပြင်းစား
။ ။ =အပျော့စား
တစ်ဇွန်းဆေး = အပြင်းစား
။ ။ =အပျော့စား
ဖယောင်းသွင်းဆီ ၊ တန်ဆီ ၊ Cံ Power ဖြောင့်စက်၊ ဆံပင်ပေါင်းဆေး 100% ။
သုံးစွဲရသော ဆေးပစ္စည်းများ အ၀ယ်မမှားဖို့  သတိထားပါ။ မိမိသုံးစွဲရမည့်ဆေးများကို အချို့ ကျ ရောနှောစပ်တတ်ရမည်။
ဆံပင်အပြော့ အမာ ဆံနွယ် ဆံလုံး ဖတ်တတ်ရမည် ။ ဆံသားဖတ်ပြီးမှ ဆေးစပ်ရမည်။ ဖြောင့်စက်အပှုချိန်ကို ဆံသားကြည့်၍ မှန်ကန်အောင် အသုံးပြုတတ်ရမည်။ ဆိုးကျိုးနဲ နိုင်သမျှ နဲ အောင်ဂရုစိုက်ရပါမည်။
အမျိုးသမီးများကို အထူးပြောခြင်တာကတော့ မကျွမ်းကျင်မတတ်မြောက်သေးသော ဆရာများနှင့် ဆံပင်ဖြောင့်ခြင်း မလုပ်မိဖို့ အရေးကြီးပါတယ် ။ မိမိတို့ ဆံသား များ ပျက်စီးဆုံးရှုံ့းသွားနိုင်လို့  သတိပေးပါရစေ ။
ပျက်စီးဆုံးရှုံးသွားသော ဆံသားများ ဦးရေများ ပြန်လည်ကောင်းမွန်လာအောင် ဂရုတစိုက်ပြုလုပ်ရမည်။
ပြုလုပ်နည်း....... ပျက်စီးနေသော ဆံသား အဖြားများ ကို တစ်လက်မလောက်စီ ညှပ်ပစ်လိုက်ပါ ကပ်ကြေးနှင့် ညှပ်ပါ ခုတ်ဘီး
မသုံးပါနဲ့  ။ သံလွင်စီ၊ အုန်းဆီစစ်စစ်၊ ဗိုက်တာမင်းအီ ၊ တစ်ခုခုကို စွဲစွဲမြဲမြဲလိမ်းပါ ။ ဦးရေကို ထိအောင်လိမ်းပါ ခေါင်းလျှော်ပြီးတိုင်း (ရေခြောက်)မှ လိမ်းရန်လိုအပ်ပါသည်။ တစ်လ /နှစ်လ အထိ လိမ်းပေးပါ ဆံသားများ ပြန်လည်ကောင်းမွန်လာပါ လိမ့်မည်။
ခေါင်းလျှော်ပြီး ခဏခံ ဖြောင့်စက်ဆွဲခြင်းမှ ရသော ဆိုးကျိုးများ--------
- ဖြောင့်စက်အပှုဒဏ်ကြောင့် ဆံသားပြတ်တောက်ခြင်း
- ဆံပင် နီ ကြောင်ကြောင် ဖြစ်ခြင်း
- ဆံသား အဆီခန်း၍ ကြမ်းတမ်း မာကျောခြင်း
- နဂို ဆံသား အရောင် မှေးမှိန် ပျောက်ကွယ်ခြင်း
- စက်ဆွဲအားကြောင့် ဦးရေများ ထုံကျင်၍ တဖြေး2 ဆံပင်ကျွတ်စ ပြုလာခြင်း ။
စသည့် ဝေဒနာ များ ဆိုးကျိုးများ မိမိထံ ရောက်လာလျှင် စက်ဆွဲခြင်းကို လုံးဝဆက်မလုပ်ပါနဲ့  ဆံပင်ပေါင်းတင်ခြင်း ဗိုက်တာမင်းအီး လိမ်းခြင်း သံလွင်ဆီထည့်၍ ဦးခေါင်း နှိပ်နှယ်ခြင်း စသည့် အကျိုးရှိသော အလုပ်များ ပြုလုပ်ပေးပါ ။
ခဏခံဖြောင့်စက်မဆွဲ မှီ ဗိုက်တာ မင်အီး၊ သို့ မဟုတ် သံလွင်ဆီ၊ အနည်းငယ် လိမ်းပြီးမှ ဖြောင့်စက် ဆွဲသင့်သည် ။
ထိုသို့ ပြုလုပ်မှ အပျက်စီးနဲမည်။
ထွန်းကြီး
အမျိုးသား အမျိုးသမီး
အလှပြင်ဆိုင် ။
No comments:
Post a Comment