-ပထမဆုံး ဖုန်းရဲ့ Setting> Developer Options > USB Debugging ကိုအမှန်ခြစ်ပေး /Enabled လုပ်ထားပါ။
-နောက်တစ်ဆင့်အနေနဲ့ MTK Android Phone Driver ကိုကွန်ပျူတာမှာသွင်းထားရပါမယ်။ MTK Android Phone Driver ကိုအောက်က link ကနေရယူပါ။
Mirror link: MT6577/MTK 6577 Android Driver Download
Download ရယူပြီးပြီဆိုရင်တော့ MTK Driver ကိုကွန်ပျူတာမှာ install လုပ်ပါ။
-ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုချိတ်ဆက်ပါ။
-ပြီးရင် Root လုပ်ဖို့လိုအပ်တဲ့ အဓိက tool ဖြစ်တဲ့ Binary 4 root tool ကိုအောက်က link မှာရယူပါ။
Binary 4 root tool အားရယူရန်
- Binary 4 root tool ကိုရယူပြီးပြီဆိုရင်တော့ ဇစ်ဖိုင်လေးကိုဖြည်ထားပြီးအတွင်းက RunMe.bat ဖိုင်လေးကို run လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါမယ်။

-နံပါတ်(၁) Normal ကိုရွေးပေးရမှာဖြစ်တဲ့အတွက် ကီးဘုတ်ပေါ်က 1 ကိုနှိပ်ပြီး enter ခေါက်လိုက်ပါ။ ဒါဆိုရင် Binary 4 root program က ဖုန်းနဲ့ချိတ်ဆက်ပြီး rooting process ကိုစတင်လုပ်ဆောင်နေပါမယ်။

-ပြီးရင် ဖုန်းကိုကြည့်လိုက်ပါ။ Full Restore ဆိုတဲ့ကဏ္ဍထဲကိုရောက်နေပါလိမ့်မယ်။ အဲဒီကျရင် တခြားဘယ်ခလုတ်ကိုမှမနှိပ်ပါနဲ့ ။ Restore My Data ကိုပဲနှိပ်လိုက်ပါ။ အောာက်ပုံအတိုင်းပါ။

ခဏအကြာမှာ ဖုန်းက auto reboot ကျသွားပါမယ်။ ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင် ဖုန်းရဲ့ All Application ထဲကိုဝင်ကြည့်လိုက်ပါ။ SuperSU ဆိုတဲ့ application လေးရှိနေပြီဆိုရင် ဖုန်းက root process အောင်မြင်သွားပြီဖြစ်ပါတယ်။

No comments:
Post a Comment