ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့
Android ဖုန်းပေါ်ကနေတဆင့် Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android
ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS
ဖြစ်လို့
gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင်
လုပ်ပေးထားပါတယ်။
(1) Android ဖုန်းမှာ setting ကိုသွားပါ ။
(4)Google ကိုရွေးပါ။
( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application
သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်နေမှာ။Android ဖုန်းတွေက gmail app
အစကတည်းကပါလာပေမယ့် တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom romsတွေမှာပါမလာတတ်ပါဘူး။
ဒါဆို gmail.apk နဲ့ GoogleServiceFrameworks.apk
ဖိုင်တွေကို Google မှာအလွယ်တကူရှာဖွေပြီး downloadလုပ်ပါ။ ,rootexplorer ကိုသုံးပြီး အဲ့ဒီ့ ဖိုင်၂ဖိုင်ကို
system folderအောက်က app folder ထဲကိုကူးထည့်ပါ။Install လုပ်ပါ။ဖုန်းကို
restart ချပါ။Gmail app ကိုသုံးလို့ရပါပြီ။ )
(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်။
(6)ကိုယ်ပေးချင်တဲ့passwordကို၂ခါဖြည့်ပါ။ပေးလိုက်တဲpasswordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူဖို့ခက်ခဲပါတယ်။
(7)Security Question က answer ကို
ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရတော့ရင်
ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။
(8) human check အတွက် ပြထားတဲ့ စာလုံးတွေကို မှန်အောင်ဖြည့်ပေးပါ။
(9) I agree,next ကိုနှိပ်ပါ။
(10) Finish နှိပ်ပါ။
(11) Finish setup ကိုနှိပ်ပါ။
အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail
account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။
No comments:
Post a Comment