Saturday, April 20, 2013

ဗေဒင် Software

  • ကျွန်တော်ကို ဗေဒင်ဆရာတစ်ယောက်က ဗေဒင်သုံး program တစ်ခုပေးလာပါတယ် သူကတော့ KP နက္ခတ်ဗေဒင်ပညာ အဆင့်မြင့်စာတမ်းများ စာအုပ်ကိုရေးသားထားပြီး
http://7spherehere.blogspot.com နဲ့ www.myanmarastrology.blogspot.com ဘလော့တွေလည်းရေးထားပါတယ် ၂ နှစ်စာ ဟောစာတမ်းများလည်း ဟောပြောနေတယ်လို့သိရပါတယ် သူပေးလာတဲ့ program လေးက ဇာတာဖွဲ့ဖို့အပြင် တခြားအသုံးတည့်တာလေးတွေလည်းပါလာပါတယ်
  • ဒီ program လေးက ဒီလိုဖြစ်ပေါ်လာတယ်လို့ပါရှိပါတယ် သုံးထားတဲ့ စနစ်က သူရိယသိဒ္ဓန္တကျမ်းလာ နည်းနိသျှအတိုင်း တွက်တာမဟုတ်ပါဘူး အနောက်တိုင်းစနစ်နဲ့တွက်ပါတယ် ဖေါ်ပြတော့ မြန်မာမှာသုံးတဲ့ နိယာယနစနစ်နဲ့ဖေါ်ပြထားပါတယ် ဒါ့ကြောင့် အယင်က program နဲ့ အနည်းငယ်ပဲကွဲလွဲပါတယ် နောက်ပိုင်းမှာ သုတေသနပြုထားတာတွေပါမယ်ထင်ပါတယ် အဲဒီဆရာကတော့ ဒီ program ကို ပိုနှစ်သက်ပါသတဲ့
  • ကျွန်တော်ကတော့ အလွယ်ကြိုက်တဲ့သူမို့လားတော့ မသိဘူးဗျ ပိုမိုစုံလင်လို့ နှစ်ခြိုက်မိပါတယ် ဒီ program လေးကိုသုံးပြီး ဘာတွေ သုံးနှိုင်မလဲ ကြည့်ကြည့်ကြပါစို့
  • new တောင်းယင်ပဲပေါ်လာတဲ့ box မှာ ကိုယ့်မွေးဒေသပါလားကြည့်ပြီး ပါယင်လွယ်လွယ်ကူကူနဲ့ ဖွဲ့လိုက်ယုံပါပဲ
  • ၁။ဘာဝစက်သတ်မှတ်ဖို့အတွက် ဘာဝအလယ်မှတ်(Mitzaမဇ္ဈ)နဲ့ ဘာဝနှစ်ခုကြားအစပ် (Thandiသန္ဒိ)ဇယား
  • ၂။(ဂြိုလ်ရပ်ရာသီ Rathi)(ဂြိုလ်ရပ်ဘာဝ Bawa)(ဂြိုလ်ရပ်န၀င်း Nawin)(ဂြိုလ်ရပ်နက္ခတ် Natkhat)(ပုံမှန်သွားခြင်း Normalနဲ့ ပြောင်းပြန်သွားခြင်း Retro)တို့ကိုပြထားတဲ့အပြင် TG=တြိဂေါဏ OK=ဥစ် WA=၀ဂုတ္တမန၀င်း NA=နိစ်န၀င်း တို့ကိုပါပြထားပါသေးတယ်
  • ၃။ရာသီစက် ဘာဝစက် န၀င်းစက်တို့ကိုလည်းပြထားပါတယ်
  • ၄။ဝိသောတ္တရီဒသာစနစ်ရဲ့ ဒသာဇယား အန္တရဒသာဇယားနဲ့ ပြတ္တန္တရဇယားတေတွက်ပေးပါတယ်
  • ၅။Other ကနေ Ephemeris ကိုသွားယင် ခရစ်နှစ် ၁၈၀၀ နဲ့ ၂၄၀၀ အတွင်း ဂြိုလ်သွားပြက္ခဒိန် တစ်လစာကိုကြည့်နိုင်ပါတယ် ဘယ်အချိန်မှာ ဘယ်ဂြိုလ်ဘယ်နေရာရောက်မယ်ဆိုတာ ကြိုကြည့်နိုင်ပါတယ် ကောဇာတွက်ရာမှာသုံးနိုင်မှာဖြစ်ပါတယ်မြန်မာနိုင်ငံအတွက် တွက်လိုတဲ့ နှစ်လထည့်ပြီးတွက်နိုင်ပါတယ်နေ့စဉ်ဂြိုလ်ရပ်တည်ရာတွေကို သိနိုင်ပါတယ် 
  • ၆။Other ကနေ Planet Position ကိုသွားပြီး တွက်လိုတဲ့ဒေသရဲ့ ဂြိုလ်ရပ်ရာကို သိပ္ပံနည်းကျသိနိုင်ပါတယ်
  • ဒီဇယားမှာ ပြထားတွေက အနောက်တိုင်းဗေဒင်စနစ် သာယနနဲ့သုံးတဲ့သူတွေ astronomy လေ့လာသူတွေအတွက် ဖြစ်ပါတယ် ကမ္ဘာ့ ၂၃.၅ ဒီဂရီတိမ်းပြီးသားကိုပါ စဉ်းစားထားပါတယ် From the center of earth to sky လို့သတ်မှတ်ပါတယ်
မြန်မာမှာသုံးတာက ကောင်းကင်မှ လက်ရှိမြင်နေတဲ့အတိုင်း ဂြိုလ်ရပ်ကိုပဲ ကြည့်ပါတယ် ရှေးအယူနဲ့ ရှေးအဟော ကိုက်နေမယ်လို့ထင်မိပါတယ်
  • ရ။Other ကနေ Sun Rise/Set ကိုသွားယင် တွက်လိုရာဒေသရဲ့နေထွက်နဲ့နေ၀င် ချိန်တွေကို တလစာ သိနိုင်ပါတယ်
  • ပထမ Sun Rise/Set မှာက နေ၀န်းမျက်နှာပြင်ထိပ်ကို စမြင်စအချိန်နဲ့ နောက်ဆုံးမြင်ရတဲ့အချိန်ဖြစ်ပါတယ် (သူမှာ လေထုနှောင့်ယှက်မှုတွေကြောင့် အလင်းယိုင်မှုတွေပင်နေပါတယ်)
  • ဒုတိယ Civil Twilight မှာက မိုးကုပ်စက်ဝိုင်းအောက် ၆ ဒီဂရီအကွာမှာနေရှိနေပြီး တောက်ပတဲ့ကြယ်တွေကို မြင်နေရချိန်ဖြစ်ပါတယ်
  • တတိယ Natural Twilight မှာက မိုးကုပ်စက်ဝိုင်းအောက် ၁၂ ဒီဂရီမှာ နေရှိနေပြီး မိုးကုပ်စက်ဝိုင်းကို သိပ်မမြင်ရသေးပါဘူး ရောင်နီလာစ အလင်းရောင်ပျောက်ခါစ အချိန်တွေကိုပြပါတယ်
  • စတုတ္တ Astrological Twilight ကတော့ မိုးကုပ်စက်ဝိုင်းအောက် ၁၈ ဒီဂရီမှာ နေရှိနေပြီး လုံးဝမှောင်နေတဲ့ အချိန်ဖြစ်ပါတယ်
  • (၁.၁၂.၂၀၀၈)နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းက ပခန်းကြီးဒေသအတွက် မနက် ၅:၁၂ မှာ အမှောင်စပျောက်မယ် ၅:၃၉ မှာ အလင်းရောင်လေးရလာမယ် ရောင်နီလာမယ် ၆:၀၇ မှာ လင်းပေမယ့်ကြယ်တွေကိုမြင်ရမယ် ၆:၃၁ မှာနေကိုစမြင်ရမယ် လို့ဆိုလိုပါတယ်
  • ၈။Other ကနေ Dather Division ကိုသွားယင် ၀ိသောတ္တရီဒသာကို အလွယ်တကူခွဲလို့ရအောင် ကိန်းဆင်ထားပါတယ ဥပမာထပ်ဆင့်ခွဲပြပါ့မယ်
ဥပမာဇာတာမှာ ၁၄.၆.၂၀၇၆ နဲ့ ၁၄.၆.၂၀၉၃ ကြား ၁၇ နှစ်ကို ၄ဟူးဂြိုလ်ဒသာစားပါတယ် ဗုဒ္ဓဟူးဒသာကို ထပ်ခွဲချင်ယင် အောက်က အန္တရဒသာဇယားရလာပါမယ်
တခါ ၁၁.၁၂.၂၀၈၅ နဲ့ ၂၉.၆.၂၀၈၈ ကြား ၂နှစ် ၆ လ ၁၈ ရက်ကို ၄ဟူးဒသာ ၈ဟု အန္တရဒသာကိုထပ်ခွဲယင် အောက်က ပြတ္တန္တရဒသာဇယားရလာပါမယ်
၁.၉.၂၀၈၆ နဲ့ ၂၆.၁.၂၀၈၇ ကြား ၄ဟူးဒသာ ၈ဟုအန္တရ ၀နေပြတ္တန္တရကို ထပ်ခွဲမယ်ဆိုယင်
ဒီဇယားရလာပြီး ၁၇.၁၁.၂၀၈၆ နဲ့ ၂၄.၁၁.၂၀၈၆ကြား ၇ ရက်ဟာ ၄x၈x၀x၁ ကာလဖြစ်ပါတယ်ခင်ဗျား လက်ရိုးဗေဒင်ဆရာများ ဒီပို့စ်လေးဖတ်ပြီး တွက်ရချက်ရသက်သာပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျား သိပြီးသားဆိုယင်လည်း ဆရာလုပ်တယ်လို့ ဗွေမယူအပြစ်မတင်ကြပါနဲ့ခင်ဗျား 

ပရိုဂရမ်လေးအား ဤတွင်ဒေါင်းပါ။
သို့မဟုတ်
http://ifile.it/2m0i1rz/Winhoro2.0.2%28Myan%20Cities%29.rar

No comments:

Post a Comment